မာယာမြေသို့ နှုတ်ခွန်းဆက်
ကိုရင်
စာမပြန်လျှင်လည်း မိဘုတ်က စိတ်ဆိုးဦးမည်။ စကားနာ ထိုးကောင်း
ထိုးပေလိမ့်မည်။ စာပြန်လျှင်လည်း မိဘုတ်ရဲ့ဆန္ဒကို လိုက်လျှောသည်ဟု
တွေးထင်ပေရော့မည်။ မည်သည့်ဘက်မှ ကြည့်ကြည့် မလှည့်သာချေ။ သို့သော်လည်း
ကိုရင် စာပြန်ပါမည်။ သမုဒယတော သောကသံသရာဝယ် မိဘုတ်တစ်ယောက် တွယ်ရာမဲ့
ခိုရာမဲ့ အဖြစ်ဖြင့် နစ်မွန်းမည့်အရေးကို မျှော်တွေး၍ ပူပန်မှု
ကရုဏာစိတ်ဖြင့်ပါတည်း။
ကိုရင်နှင့်
မိဘုတ်တို့၏ဘ၀ကား ရေကျော်ရွာတွင် မွေးဖွါး ကြီးပြင်းခဲ့သော တောသူ
တောင်သားတို့ပင် ဖြစ်ပါ၏။ တစ်ရွာတည်းနေ တစ်ရေတည်း သောက်ခဲ့ကြ၍
သွေးချင်းဖောက်၍ မသောက်ရုံတမယ် ရင်းနှီးခဲ့ကြပါ၏။ ငယ်သူငယ်ချင်း
ဖြစ်သည်နှင့်အညီ သံယောဇဉ် ဆံတစ်ပင်လည်း ကိုယ်စီ တင်းခဲ့မိကြ၏။ သို့သော်
အကြင်နာ အငွေ့အသက်တို့ကို ယောင်မှား၍ပင်
မထွက်မိကြပါပေ။
ယိုင်နဲ့လဲပြိုလုဖြစ်နေသော
(၅၂၈)ဆိုင်းဘုတ်ကို မဖြုတ်သိမ်းမီကာလမှာပင် ရွာဦးဘုန်းကြီးထံတွင်
ကိုရင်ဘ၀ သာမဏေအဖြစ်သို့ ကူးပြောင်းခဲ့ရပါ၏။ ဘုန်းတော်ကြီး၏ အစီအမံဖြင့်
စာသင်ရန်အတွက် ရန်ကုန်မြို့ ရွာမပရိပတ္တိစာသင်တိုက်သို့ စာပလွေပိုက်ကာ
ကိုရင်လိုက်ပါခဲ့ရသည်။ ရပ်ရွာအတွက် သာသနာအတွက် တစ်ဖက်တစ်လမ်းမှ
ထမ်းဆောင်မည်ဆိုသည့် ရည်ရွယ်ချက်တို့နှင့်သာတည်း။ ဤအချိန်မှစ၍ ကိုရင်နှင့်
မိဘုတ်တို့ဘ၀သည် သုံးနှင့်လေးလို ကျောခိုင်းကာ အဝေးသို့နှင်ခဲ့ရပါ၏။
ယခုဆိုလျှင် ကိုရင် စာသင်ရန်အတွက် ရွာမှထွက်လာသည်မှာ ဆယ်စုနှစ် တစ်ခုတောင် ကျော်လွန်ခဲ့ပေပြီ။
ယခုဆိုလျှင် ကိုရင် စာသင်ရန်အတွက် ရွာမှထွက်လာသည်မှာ ဆယ်စုနှစ် တစ်ခုတောင် ကျော်လွန်ခဲ့ပေပြီ။
ဆယ်စုနှစ်
တစ်ခုအတွင်း ကိုရင့်ဘ၀လမ်းသည် ပန်းခင်းသောလမ်းချည်းသာ
လျှောက်လှမ်းခဲ့ရသည်မဟုတ်။ ဆူးခင်းလမ်း ကိုလည်း နင်းခဲ့ရ၏။
ခလုတ်ကံသင်းတို့ကိုလည်း ကျော်ဖြတ်ခဲ့ရ၏။ အန္တရာယ် အသွယ်သွယ်ကိုလည်း
ရင်ဆိုင်ခဲ့ရ၏။ ခရောင်းလမ်း အတိသာတည်း။ အခက်အခဲ အမျိုးမျိုးကို
ကျော်လွန်ပြီး (၁၀)စုနှစ်၏ သည်မှာဘက်တွင်မူ သာသနာတော်၏ အရိပ်အာဝါသ အောက်ဝယ်
စမ်းရေအေးကိုလည်း သောက်ခဲ့ရ၏။ ပန်းလေမွှေးကိုလည်း ရှူရှိုက်ခဲ့ရပါ၏။
ထိုကဲ့သို့ အောင်ပန်းဥယျာဉ်ထဲ ရောက်ရှိစေရန်အတွက် မိဘများကလည်း
အတင်းတွန်းပို့ခဲ့ကြ၏။ ဆရာအရှင်တို့ကလည်း လမ်းညွှန်ပေးခဲ့ကြပါသည်။ ထိုသို့
အေးချမ်း တည်ငြိမ်နေသော ကိုရင်ဘ၀ထဲသို့ မိဘုတ်က တမန်တော် စာလွှာဖြင့် ထိုးဖောက်ကာ ၀င်ရောက်လာခဲ့ပြန်ပြီကော။
အေးချမ်း တည်ငြိမ်နေသော ကိုရင်ဘ၀ထဲသို့ မိဘုတ်က တမန်တော် စာလွှာဖြင့် ထိုးဖောက်ကာ ၀င်ရောက်လာခဲ့ပြန်ပြီကော။
မိဘုတ်၏စာသည်
ရိုးသား၏။ ပွင့်လင်း၏။ ပြတ်သား၏။ သံယောဇဉ် အငွေ့အသက်တို့
သင်းပျံ့လျက်ရှိပါ၏။ “ကိုရင်ရေ” ဟူသော ရင်းနှီးမှု လေသံဖြင့် အစချီခဲ့၏။
စာပါအကြောင်းအရာတို့သည် အစတွင် ထူးခြားမှုမရှိလှ။ အဖေအမေတို့
ကျန်းမာကြောင်းလည်းပါ၏။ တန်ဆောင်တိုင် ဘုရားပွဲတော် ပျော်စရာကောင်းသည်လည်း
ပါ၏။ ရွာမှာ မိုးကောင်း၍ စိုက်ပျိုးပြီးစီးကြောင်းလည်း ပါ၏။ သည်အထိ
ဘာမှထူးခြားမှုမရှိ။ ရေးရိုးရေးစဉ်ပင်။ နောက်ဆက်ရေးသည်က…………….
“မိဘုတ်
အိမ်ထောင်ပြုရတော့မယ် ကိုရင်။ မိဘတွေက အတင်းစီစဉ်နေကြတယ်လေ။ အဲဒါ မိဘုတ်
ဘာလုပ်ရမလဲ၊ အကြံပေးပါဦး ကိုရင်ရယ်။ ကိုရင် သဘောမတူရင် မိဘုတ် ဘယ်သူ့ကိုမှ
မယူပါဘူး။ အချိန်မီ အကြောင်းပြန်ပေးစေချင်ပါတယ်။ မိဘုတ် ဆိုလိုတဲ့
အဓိပ္ပါယ်ကို ကိုရင်နားလည်မှာပါ။”
............စသည် စသည်။
............စသည် စသည်။
စာပါအကြောင်းအရာတို့သည်
နီးလိုက် ဝေးလိုက်နှင့် ကိုရင့်ရင်ထဲဝယ် ယောက်ယက်ခတ်လျက်၊ မပီပြင်သော
အဝေးမြင်ကွင်းနှယ်ေ၀၀ါးးလျက် ရှိပါကုန်၏။ မိဘုတ်၏စာသည်
ဘာကိုဆိုလိုပါသနည်း။ ကိုရင် ဘာလုပ်ရမည်နည်း။ ဘာလုပ်သင့်သနည်း။ ကိုရင့်
အခြေအနေကလည်း တစ်ပြိုင်နက်တည်းမှာ ရည်ရွယ်ချက် နှစ်ခုလုံးကို ပြုလုပ်၍မရသော
အနေအထား။ မိဘုတ်၏ဆန္ဒကို လိုက်လျောမိလျှင်လည်း တစ်ဘက်က အဖမြတ်စွာ သာသနာကို
စွန့်လွှတ်ရပေတော့မည်။ အဖမြတ်စွာ သာသနာကို ဆက်လက် ဖက်တွယ်လျှင်လည်း တစ်ဘက်က
မိဘုတ်ကို သံယောဇဉ်ဖြတ်ကာ ထားရစ်ရမည် သာတည်း။ သည်သို့သော အခြေအနေကို
မိဘုတ်လည်း သိမည်ထင်ပါ၏။
တစ်ယောက်သူ၏
ဆန္ဒကို လိုက်လျောရမည်လော။ အများ၏ ဆန္ဒကို လိုက်လျောရမည်လော။ အကြိမ်ကြိမ်
စဉ်းစားခဲ့ရ၏။ တစ်ဘက်မှာ သ့ယောဇဉ်ကြိုး တင်းရပါသော မိဘုတ်။ အခြားတစ်ဘက်မှာ
စိုးရိမ်လွန်စွာ အားကိုးတကြီးစောင့်မျှော်နေကြသော
မိဘများ၊ ရွာသ ရွာသားများ၊ လမ်းမှန်ကို ညွှန်ပြခဲ့ပြီး၊ ပညာဆီမီး
ထွန်းညှိပေးခဲ့ကြသော ဥယျာဉ်မှူး ဆရာအရှင်များ။ မိမိဘ၀မြုပ်နှံရာ
ပခုံးပြောင်း တာဝန်ထမ်းဆောင်ရမည့် အဖမြတ်စွာ သာသနာတော်။ ဤသို့သော
အခြေနေများကြောင့် ဦးနှောက်နှင့် နှလုံးသားသည် လွန်ဆွဲလျက်၊
ဆုံးဖြတ်ရခက်သော ပြဿနာကြားဝယ် ချာလည်လျက်၊ ရှုပ်ထွေးလျက်။
မိဘုတ်၏စာနှင့် တစ်ပြိုင်နက် ရောက်လာသော မိခင်၏စာကို ကိုရင် ဖောက်ဖက်လိုက်မိသည်။…
“သား….ကိုရင်”
မေမေ
စာရေးလိုက်ပါတယ်။ သား ကျန်းမာရေးကောင်းရဲ့လား။ အစစအရာရာ အဆင်ပြေရဲ့လား။
လိုတာရှိရင် မှာလိုက်ပေါ့။ မေမေတို့ မိသားစု အလုပ် လုပ်နေတာလည်း
သားအတွက်ပါကွယ်။ မေမေတို့ ဆင်းရဲပေမယ့် သားကို မဆင်းရဲစေချင်ဘူး။မေမေတို့
ပင်ပန်းချင် ပင်ပန်းပါစေ၊ သားအတွက်ပဲလို့ စိတ်ကူးလိုက်ရုံနဲ့
မေမေတို့ရဲ့ပင်ပန်းမှုတွေဟာပိန်းကြာဖက်ပေါ် ရေမတင်သလို ပြေပျောက်ခဲ့ရပါတယ်သား။
သားကို
ပြောရဦးမယ်။ ခုတလော မေမေ အိပ်မက်တွေ မကောင်းဘူးကွယ်။ အိပ်မက်ကလည်း
ရိုးစင်းလိုက်တာကွယ်။ သား လူထွက်သွားလို့..တဲ့။မေမေဖြင့် ငိုလိုက်ရတာ။
အိပ်မက်က လန့်နိုးတော့ မေမေ့မှာ ဇောချွေးတွေနဲ့ မျက်ရည်တွေရောပြီး
ရွှဲနစ်နေပြီလေ။ အဲဒီအကြောင်းကို မိသားစုတွေ ပြောပြမိတော့ အားလုံး
ငိုမိကြတယ် သားရယ်။ ဒါတွေကိုတော့ သားက ဘယ်မှာလာ သိနိုင်ပါ့မလဲ။
ဒါအိပ်မက်ပဲလို့ သားက ပြောချင်တာ မဟုတ်လား။ အိပ်မက်ဖြစ်လို့ အရင်က မေမေ မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ မယုံလို့ မရတော့ဘူးသား။
ဟိုတလောက အဖြစ်အပျက်ကိုပဲ ကြည့်ပါလား။ မေမေ မက်ခဲ့တဲ့ အိပ်မက်ထဲမှာ သားကျန်းမာရေး မကောင်းဘူးတဲ့။ မေမေလည်း သားကို စိတ်မချလို့ ရန်ကုန်မြို့ကိုလိုက်လာတော့ သားကို ဆေးရုံပေါ်မှာ တွေ့ခဲ့ရတယ်လေ။ ဒါ့ကြောင့်ခုအိပ်မက်ကလည်း အဲလိုမျိုး တကယ်ဖြစ်နေမလားလို့ပါ သားရယ်။ အိပ်မက် မက်တာတောင် မေမေတို့တွေ ဒီလောက် ခံစားရတယ်ဆိုရင် တကယ်သာ သားလူထွက်ခဲ့ရင် မေမေတို့ မိသားစု ဘယ်လိုနေမလဲ သားစဉ်းစားကြည့်ပေါ့။
ဟိုတလောက အဖြစ်အပျက်ကိုပဲ ကြည့်ပါလား။ မေမေ မက်ခဲ့တဲ့ အိပ်မက်ထဲမှာ သားကျန်းမာရေး မကောင်းဘူးတဲ့။ မေမေလည်း သားကို စိတ်မချလို့ ရန်ကုန်မြို့ကိုလိုက်လာတော့ သားကို ဆေးရုံပေါ်မှာ တွေ့ခဲ့ရတယ်လေ။ ဒါ့ကြောင့်ခုအိပ်မက်ကလည်း အဲလိုမျိုး တကယ်ဖြစ်နေမလားလို့ပါ သားရယ်။ အိပ်မက် မက်တာတောင် မေမေတို့တွေ ဒီလောက် ခံစားရတယ်ဆိုရင် တကယ်သာ သားလူထွက်ခဲ့ရင် မေမေတို့ မိသားစု ဘယ်လိုနေမလဲ သားစဉ်းစားကြည့်ပေါ့။
သားကို
ပညာတတ်ကြီး ဖြစ်စေချင်တာ၊ သာသနာ့ဝန်ထမ်းနေတဲ့ ဆရာတော်ကြီး ဖြစ်စေချင်တာ
မေမေတိုပရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါကွယ်။ ဒါဆိုရင် မေမေသားကို မွေးရကျိုး
နပ်ပါပြီ။ မေမေတို့ လှုပ်ရှား အသက်ရှင်နေရတာလည်း သားအတွက်ပါလို့ ပြောရင်
မမှားပါဘူးကွယ်။ ဟိုတလောကတောင် ရွာဦး ဘုန်းတော်ကြီးက မေးနေသေးတယ်။ သားထံမှ စာမလာတာ ကြာပြီတဲ့။………”
ဖတ်လက်စ
စာကို တုန်ယင်သောလက်ဖြင့် ကိုင်လျက် ကိုရင်တစ်ယောက် စဉ်းစားခဲ့ရပါပြီ။
မျက်ဝန်းထဲမှာတော့ မျက်ရည်ကြည်တို့ ဝေ့သီလျက်၊ မေမေ့အတွက် ကျရတာလား၊
မိဘုတ်အတွက် ကျရတာလားဆိုတာ ကိုရင် မသိနိုင် မဝေခွဲနိုင်တော့ပါပေ။
မေမေ့စာသည် အချိန်မှီ ရောက်လာသည်ဟု ဆိုရပေမည်။ တွေဝေလမ်းခွဲဝယ် ရပ်နေရသော
ကိုရင်အတွက် မေမေ့စာသည် တွန်းအား တစ်ရပ် ဖြစ်ခဲ့ပါ၏။ ဆုံးဖြတ်ရခက်သော
ဝေဒနာအတွက် လမ်းမှန်ကို ညွှန်ပြသကဲ့သို့ပင်တည်း။
ထိုနေ့တစ်ညလုံး
ကိုရင် အိပ်မပျော်ခဲ့ပေ။ အကြိမ်ကြိမ် စဉ်းစားခဲ့ရ၏။ အထပ်ထပ် သုံးသပ်ခဲ့ရ၏။
မိုးစင်စင် အလင်းမှာတော့ ရွှင်လန်းစိတ်ဖြင့် ဆုံးဖြတ်ချက်ကို
ပိုင်ပိုင်ချနိုင်ခဲ့ပေပြီ။ ကိုရင့်အနေဖြင့် မိဘုတ်စာ၏ ဆိုလိုရင်းကို
မသိလို၊ မမြင်လို၊ နားမလည်လိုတော့ပြီ။ ဆက်၍မကသင့်သော သည်ဇာတ်ကို ရုတ်တရက်
ရပ်တန့်ပစ်ရုံမှတစ်ပါး အခြားမရှိတော့ပြီ။ ဟိုတစ်ဖက်မှာ
‘ဟို..တစ်ခြားတစ်ဖက်မှာ ဘယ်လိုခံစားရမလဲ’ ထည့်သွင်း မစဉ်းစားတော့ပြီလော၊
မေးကြတော့မည်။ ရှိစေတော့။ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရ၏။ ကြိတ်၍
ဝမ်းနည်းမိ၏။ အသင့်လျော်ဆုံး လမ်းတစ်လမ်းအတွက် သည်ဇာတ်ကို ပြည်ဖုံးကားချ၍ ရပ်တန့်ပစ်ရုံသာ ရှိတော့သည်။
မည်သို့ပင်
ဆိုကြပါစေ၊ သစ်စိမ်းချိုး ချိုးသူအဖြစ် ကိုရင် ခံယူတော့မည်။
ပူလောင်ကျွမ်းစေတော့၊ သည်အပူကို ကိုရင် ရင်ဆိုင်တော့မည်။ ရောဂါလက္ခဏာ
ပေါ်စအချိန်မှာ ကုထုံးကောင်းကောင်းနှင့် မကုပဲထားခဲ့လျှင် သည်ထက်ပိုသော
နောက်ဆက်တွဲ အခြေအနေဆိုးကို ကိုရင် မုချရင်ဆိုင်ရဖွယ်ရှိသည်။
ခွင့်မလွှတ်နိုင်ရင်လည်း ရှိပါစေတော့။ ဒါပေမဲ့ ကိုရင် တောင်းပန်လိုက်ပါ၏။
ခွင့်လွှတ်ပါ မိဘုတ်။ ကိုရင့်ကို နာကျည်းလိုက်ပါတော့။ မုန်းလောက်စရာ အကြောင်းမရှိသူကို မေ့ပျောက်စရာ တရားရှာပြီး မေ့ဖျောက်ဖို့ ကိုရင် ကြိုးစားရပါတော့မည်။
ကိုရင်
လှေနံနှစ်ဖက်ကို မနင်းလိုပြီ။ လက်တစ်ဘက်ဖြင့် အဖမြတ်စွာ သာသနာတော်ကို
ဆုပ်ကိုင်၍ ကျန်လက်တစ်ဘက်ဖြင့် မိဘုတ်ကို လက်မကမ်းလိုတော့ပြီ။
ထိုလက်ဖြင့်ပင် မိဘုတ်ကို ထာဝရ နှုတ်ဆက်ခဲ့ပါမည်။ နှလုံးသားကို
စွန့်လွှတ်ပြီး၊ မိဘုတ်နှင့် ဝေးရာ သာသနာတော်မှာ ကိုရင့်ဘ၀ကို ထာဝရ
အခြေချပါမည်။ ရင်မှာ နေတစ်ရာမက ပူစေဦးတော့၊ သည်အပူကို အားတင်းခံလို့ မိဘုတ်ကို စွန့်ခွါပါတော့မည်။
ကိုရင်
စာပြန်လိုက်ပါသည် မိဘုတ်။ ဤသို့ စာပြန်သဖြင့် မိဘုတ်၏ စာပြန်စေလိုသော
ဆန္ဒကို ဖြည့်စွမ်းသည် မှန်၏။ သို့သော် မိဘုတ်၏ အဆိုပြုချက် တစ်ရပ်ကို
မလိုက်လျောနိုင်၍ ရင်၌များစွာပင် ၀မ်းနည်း ကြေကွဲမိပါ၏။ သည်စာသည်
မိဘုတ်အတွက် ချမ်းသာရာ ချမ်းသာကြောင်း အကြောင်းပြန်စာဟု ထင်လိုကလည်း
ထင်နိုင်ပါ၏။ မိဘုတ်၏ ဝေဒနာ သက်သာရာ သက်သာကြောင်း သောက်ဆေး
သုံးဆေးတစ်ခွက်ဟု ယူဆလိုကလည်း ယူဆနိုင်မည်ထင်ပါ၏။ သည်စာသည် မိဘုတ်အား မုချ အကူအညီ ပြုလိမ့်မည်ဟုလည်း ကိုရင် မျှော်လင့်ပါသည်။
စင်စစ်
မိဘုတ်သည် လူနာ။ ကိုရင်က ဆရာဝန်ပမာသာတည်း။ မိဘုတ်၏ သောက ဝေဒနာအတွက်
ကိုရင့်အား ဖွင့်ပြောတိုင်ပင်၏။ ကုသပါဟုလည်း တောင်းပန်သည်။ ကောင်းပြီ။
ကိုရင် သည်ဝေဒနာကို ကုသမည်။ မိဘုတ်အတွက် ဆေးတစ်ခွက် ကိုရင် ပေးမည်။
သည်ဆေးဖြင့် မိဘုတ်၏ သောက ဝေဒနာတို့ ပျောက်ကင်းမည်ဟု ယုံကြည်ပါ၏။ သို့သော်
ကြိုတင်၍ကား ကတိ မပေးလိုပါချေ။ ကိုရင့်ဆေးကို ကိုရင်ကိုယ်တိုင်
သံသယဖြစ်သောကြောင့်၊ မယုံသောကြောင့်၊ စိတ်မချသောကြာင့်ကား မဟုတ်ပါလေ။
အနာဂတ်ဟူသည်
ကြိုတင် ပုံစံချ၍ ရကောင်းသောအရာ မဟုတ်သော်လည်း မိဘုတ်၏ အနာဂတ်အတွက်မူ
ကိုရင် ပုံစံချ၍ ရကောင်းမည် ထင်ပါ၏။ မိဘုတ် ချမ်းသာစေရမည်။ မိဘုတ်အနေနှင့်
တစ်ခုတည်းကိုသာ လိုက်နာရမည်။ လူနာသည် ဆရာဝန်၏ စကားကို နာယူရရိုး
ထုံးစံရှိသည် မဟုတ်ပါလော။ အာဏာပြသည်၊ စိမ်းကားရက်စက်လွန်းသည်ဟုကား မထင်စေလိုပါ။
စင်စစ် ကိုရင့်ဆေးသည် မြတ်ဗုဒ္ဓ၏ ကရုဏာ အမြိုက်ဆေးသာ ဖြစ်ပါ၏။ ဤဆေးကို သောက်ခြင်းဖြင့် မိဘုတ်လည်း ချမ်းသာရမည်။ မိဘုတ်မိဘလည်း ၀မ်းသာရမည်။ ကိုရင်ကတော့ ဆရာဝန်ဖြစ်သည်နှင့်အညီ မိဘုတ်၏ သောက ဝေဒနာ သက်သာ၍ မိဘုတ်ဘ၀ သာယာချမ်းမြေ့လျှင် ကိုရင် အတိုင်းမသိ ၀မ်းမြောက်နေမည်သာ ဖြစ်ပါ၏။
“ဘ၀နှင့် ဆန္ဒ အံကျအောင် မဖြစ်နိုင်သော အခြေအနေမှာ မိဘုတ်ဘ၀ သာယာစေဖို့ မိဘစကားကိုသာ
နာထောင် လက်ခံလိုက်ပါတော့”…..လိုဲ့ ကိုရင် အကြံပေးလိုက်ပါရစေလား။
မိဘုတ်တစ်ယောက် ကိုရင့်စကားကို နားထောင်ခြင်းသည် မိဘုတ်ဘ၀ သာယာစေကြောင်း နည်းလမ်းကောင်းလည်း ဖြစ်နိုင်ပါ၏။ မိဘစကားကို နားထောင်သော အမွေခံ သားသမီးကောင်းလည်း ပီသနိုင်ပါ၏။ ကိုရင့်စကားကို နားထောင်၍ ကိုရင့်ပါရမီကို ကူညီ ဖြည့်သည်လည်း မည်ပါ၏။ မိဘုတ်ဘ၀ သာယာလာသောနေ့တွင် ကိုရင့် စေတနာကို မိဘုတ်တစ်ယောက် ကောင်းကောင်း သဘောပေါက်လာပါလိမ့်မည်။
မိဘုတ်ရောဂါ ဝေဒနာအတွက် သောက်ဆေးကိုလည်း ပေးခပဲါ့၏။ အားဆေးကိုလည်း ကျွေးခဲ့ပါ၏။ လျှောက်လှမ်းရန် လမ်းမှန်ကိုလည်း ညွှန်ပြခဲ့ပါ၏။ ချမ်းသာစေကြောင်း နည်းလမ်းကောင်းလည်း ပေးခဲ့ပါ၏။ ညီမလေး တစ်ယောက်အပေါ် ထားရှိသော အစ်ကိုတစ်ယောက်၏ ကြည်လင် အေးမြသော မေတ္တာ ကရုဏာတို့နှင့်သာတည်း။
ကိုရင့်ဘ၀ကတော့……..
စင်စစ် ကိုရင့်ဆေးသည် မြတ်ဗုဒ္ဓ၏ ကရုဏာ အမြိုက်ဆေးသာ ဖြစ်ပါ၏။ ဤဆေးကို သောက်ခြင်းဖြင့် မိဘုတ်လည်း ချမ်းသာရမည်။ မိဘုတ်မိဘလည်း ၀မ်းသာရမည်။ ကိုရင်ကတော့ ဆရာဝန်ဖြစ်သည်နှင့်အညီ မိဘုတ်၏ သောက ဝေဒနာ သက်သာ၍ မိဘုတ်ဘ၀ သာယာချမ်းမြေ့လျှင် ကိုရင် အတိုင်းမသိ ၀မ်းမြောက်နေမည်သာ ဖြစ်ပါ၏။
“ဘ၀နှင့် ဆန္ဒ အံကျအောင် မဖြစ်နိုင်သော အခြေအနေမှာ မိဘုတ်ဘ၀ သာယာစေဖို့ မိဘစကားကိုသာ
နာထောင် လက်ခံလိုက်ပါတော့”…..လိုဲ့ ကိုရင် အကြံပေးလိုက်ပါရစေလား။
မိဘုတ်တစ်ယောက် ကိုရင့်စကားကို နားထောင်ခြင်းသည် မိဘုတ်ဘ၀ သာယာစေကြောင်း နည်းလမ်းကောင်းလည်း ဖြစ်နိုင်ပါ၏။ မိဘစကားကို နားထောင်သော အမွေခံ သားသမီးကောင်းလည်း ပီသနိုင်ပါ၏။ ကိုရင့်စကားကို နားထောင်၍ ကိုရင့်ပါရမီကို ကူညီ ဖြည့်သည်လည်း မည်ပါ၏။ မိဘုတ်ဘ၀ သာယာလာသောနေ့တွင် ကိုရင့် စေတနာကို မိဘုတ်တစ်ယောက် ကောင်းကောင်း သဘောပေါက်လာပါလိမ့်မည်။
မိဘုတ်ရောဂါ ဝေဒနာအတွက် သောက်ဆေးကိုလည်း ပေးခပဲါ့၏။ အားဆေးကိုလည်း ကျွေးခဲ့ပါ၏။ လျှောက်လှမ်းရန် လမ်းမှန်ကိုလည်း ညွှန်ပြခဲ့ပါ၏။ ချမ်းသာစေကြောင်း နည်းလမ်းကောင်းလည်း ပေးခဲ့ပါ၏။ ညီမလေး တစ်ယောက်အပေါ် ထားရှိသော အစ်ကိုတစ်ယောက်၏ ကြည်လင် အေးမြသော မေတ္တာ ကရုဏာတို့နှင့်သာတည်း။
ကိုရင့်ဘ၀ကတော့……..
လူ့ဘုံဋ္ဌာနေ၊ မာယာမြေမှာ
သစ္စာလေးအား၊ မေတ္တာမျှားကို
ချထားရစ်ကာ၊ သွားပါတော့မည်
သည်တောသည်ဋ္ဌာ၊ ကိုယ်ရှောင်ခွါမည်
မာယာမြေမှာ…နေရစ်တော့….လို့
သည်စာနဲ့ပဲ နှုတ်ဆက်ခဲ့ပါရဲ့ မိဘုတ်။ ။
မှ
ကိုရင်
တက္ကသိုလ် မောင်ကိုရင်
၁၆.၉.၉၅
(ရွာမပရိယတ္တိ စာသင်တိုက် ၂၅-နှစ်မြောက် ငွေရတု စာစောင်)

No comments:
Post a Comment